ချစ်ခြင်းပုံပြင်(၅) စက်ထဲမှာတွေ့လို့ပါ

ချစ်ခြင်းပုံပြင်(၅)
ကျွန်မက ချောကလက် ကြိုက်သူ ဖြစ်တယ်။ ချောကလက် အဖြူ၊ ချောကလက် အမည်း၊ အမွှေးအကြိုင်တွေ ရောထားတဲ့ ချောကလက်၊ အစာသွပ် ချောကလက်... အိုး ဘာချောကလက်ဖြစ်ဖြစ် "ဟင့်အင်း" လို့ ကျွန်မငြင်းဆန်ဖူးတဲ့ ချောကလက် မရှိဘူး။

ကျွန်မမှာ ၁၀နှစ်ကျော် ရင်းနှီးခဲ့တဲ့ ငယ်သူငယ်ချင်း ချစ်သူတစ်ယောက်ရှိတယ်။ ချောကလက်ကို
ကျွန်မ ဘယ်လောက်ထိ ရှုးသွပ်ခုံမင်မှန်း မောင်သိတယ်။ "ချောကလက်ကို ဒီလောက်ကြိုက်ရသလား... သတိလဲ ထားဦးနော် ဝက်ကလေးလို ဝလာမယ်"

ကျွန်မခေါင်းကို အမြဲပွတ်သပ်ပြီး မောင်နောက်တိုင်း ကျွန်မက နှုတ်ခမ်းကို စူပုပ်ပြီး မောင့်ကို စိတ်ကောက်တယ်။

"မောင်က ကျွန်မကို အမြဲအနိုင်ကျင့်တယ်။ မခေါ်တော့ဘူးကွာ"

"ဝက်ကလေးလို ဝနေလဲ ချစ်မှာပါ။ စိတ်မဆိုးနဲ့နော်"

မောင်က အဲဒီလိုပဲ။ ၁၀နှစ်ကျော် အကြောင်းမရှိ အကြောင်းရှာပြီး မောင့်အပေါ်နွဲ့ဆိုးဆိုးလာခဲ့တဲ့ ကျွန်မရဲ့ဒဏ်ကိုသည်းခံပြီး ချစ်ခဲ့တယ်။ တစ်ခါတလေ ဒေါသကြီး ပေါက်ကွဲရင်လဲ ကျွန်မဆံပင်ကို ပွတ်သပ်ပြီး ချော့မြူတတ်သေးတယ်။ မောင်နဲ့အတူ လျှောက်ခဲ့တဲ့ လမ်းတွေက ရှည်လျှားလာခဲ့ပေမဲ့ ကျွန်မရဲ့ နွဲ့ဆိုးဆိုးတတ်တဲ့ အကျင့်က ပြောင်းလဲမသွားခဲ့ဘူး။

တကယ်တော့ မောင်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ မောင်ရဲ့သိမ်မွေ့တဲ့အကျင့်၊ ယဉ်ကျေးတဲ့ အပြုအမှု၊ ချောမောတဲ့ ရုပ်လဏ္ခာကြောင့် မောင့်ကို ရေလာမြောင်းပေး လုပ်တဲ့ မိန်းကလေးတွေ မနည်းခဲ့ဘူး။ ဒီအကြောင်းကို အခွင့်ယူပြီး မောင့်ကို ကျွန်မ သဝန်တိုခဲ့တဲ့ အကြိမ်လည်း မနည်းလှဘူး။ ဒါပေမဲ့ မောင်လမ်းကြောင်း မပြောင်းခဲ့ဘူး။ ကျွန်မရဲ့ ကလေးဆန်တဲ့ အကျင့်တွေကို သည်းခံပြီး ကျွန်မအနားမှာပဲ ရှိနေခဲ့တယ်။

မောင့်ကို ကျွန်မအရမ်းချစ်တယ်။ ဒါပေမဲ့ တန်ဖိုးထားရကောင်းမှန်း ကျွန်မ နားမလည်ခဲ့ဘူး။
"မောင်... ကျွန်မ ကောင်းလား မကောင်းဘူးလား" ဘာမှမဟုတ်တဲ့ မေးခွန်းတွေနဲ့မောင့်ကို အပြစ်ရှာဖို့ ကျွန်မစတော့တယ်။

"ဟန်နီ ကောင်းလား မကောင်းဘူးလား ဆိုတာကို မောင့်မျက်စိထဲမှာ မမြင်ဘူး။
မောင်သိတာက ဟန်နီဟာ မောင်ရဲ့ ဒီတစ်သက် အချစ်ဆုံး မိန်းကလေးပဲ"

တည်ငြိမ်တဲ့ အသွင်နဲ့ မောင်က ကျွန်မကို စူးစိုက်ကြည့်ပြီး ပြန်ဖြေတယ်။

"မောင် နောက်နေပြန်ပြီ.. ဟန်နီမေးတာ ဒီမေးခွန်းမှ မဟုတ်တာ"

ခေါင်းငုံ့ပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ ကျွန်မကို မောင်က သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ပူနွေးနေတဲ့ သူ့နှုတ်ခမ်းနဲ့ အေးစက်နေတဲ့ ကျွန်မနှုတ်ခမ်းကို ဖိကပ်ထားလိုက်တယ်။

နွေးထွေးသာယာတဲ့ မြင်ကွင်းက တိုတောင်းလှတယ်။ မကြာမီ ရက်အနည်းငယ်မှာပဲ မောင့်ကို
အပြစ်ရှာဖို့ ကျွန်မရဲ့မေးခွန်းဟောင်းတွေက ထွက်လာပြန်တယ်။

"မောင် .. ရှင်းရှင်းပြောနော်။ အဲဒီကောင်မလေးက ဘယ်သူလဲ"
မယ်ကုဝဏ် ဂြိုလ်ဝင်တဲ့ မျက်နှာထားနဲ့ မောင့်ကို ကျွန်မမေးလိုက်တယ်။

"မောင်တို့ ကုမ္ပဏီက ဝန်ထမ်းပါ" ကျွန်မ အမြင်ရှင်းအောင် မောင် အသေအချာ ရှင်းပြနေတယ်။

"မယုံဘူး..."

"ဟန်နီ... အကြောင်းမရှိ အကြောင်းမရှာနဲ့ကွာ"

"အကြောင်းမရှိ အကြောင်းရှာနေတာ မဟုတ်ဘူး မောင်။ ဘယ်သူအရင် စမှားတာလဲ မတောင်းပန်တဲ့အပြင်
မောင်က ဟန်နီ့ကို အော်တယ်"

နှုတ်ခမ်းကို ကိုက်ပြီး အရည်လဲ့နေတဲ့ မျက်လုံးနဲ့ မောင့်ကို ပြန်ကြည့်ပြီး ကျွန်မ အော်လိုက်တယ်။

"ဆောရီးပါ ဟန်နီရာ.. မောင်အပြောမတတ်တာ။ မငိုပါနဲ့ကွာ နော်"

"ကျွန်မကို ဂရုမစိုက်ပါနဲ့။ သူ့ကိုပဲ သွားရှာတော့" အချော့မြူခံရမှ ကျွန်မရဲ့ အကျင့်ဆိုးက ထောင်းခနဲ့ ပြန်ထွက်လာတယ်။

"ဟန်နီ...."

"မခေါ်နဲ့.." တစ်ဖက်ကို ကျွန်မလှည့်လိုက်တယ်။

"ဟန်နီ.. မောင် တောင်းပန်ပါတယ်ကွာ"

ကြိုးစားပြီး ချော့နေတဲ့ မောင့်စကားကို ကျွန်မ အရေးမစိုက်ဘဲ ကိုယ်တိုင်ကြားရင်တောင် နားခါးနိုင်တဲ့ စကားလုံးအချို့နဲ့ မောင့်ကို ကျွန်မ ရန်ရှာနေမိတယ်။

"တော်ပြီကွာ... အကျိုးအကြောင်းကို ဟန်နီ နားလည်ဖို့ကောင်းတယ်။ ကဲ မောင်သွားမယ်"

ချစ်သက်တမ်း ၁၀နှစ်ကျော် ကာလမှာ မောင်ပထမအကြိမ် ကျွန်မကို စိတ်ဆိုးခြင်းပဲ။ချာကနဲ့ လှည့်ထွက်သွားတဲ့ မောင့်ကို ကျွန်မတားဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မရဲ့ နှုတ်ခမ်းက ရက်စက်တဲ့ စကားလုံးအချို့ ခုန်ထွက်လာခဲ့တယ်။

"မောင်နဲ့ ကျွန်မ လမ်းခွဲမယ်"

ကျွန်မတို့ ရန်ဖြစ်ပြီ။ ၁၀နှစ်ကျော်အတွင်း ပထမဆုံး ကျွန်မတို့ ရန်ဖြစ်ပြီ။ အကြောင်းမရှိ
အကြောင်းရှာပြီး မောင့်ကို ကျွန်မရန်ရှာနေမှန်း ကျွန်မကိုယ် ကျွန်မသိတယ်။ ဝန်ထမ်းကောင်မလေးနဲ့
မောင် ဘာမှ မပတ်သက်ဘူးဆိုတာလဲ သိတယ်။ ခုတစ်လော မောင်အလုပ်တွေ ရှုပ်နေလို့ ကျွန်မအတွက် အချိန်မပေးနိုင်တာကို အကြောင်းပြပြီး မောင့်ကို ကျွန်မရန်ရှာခဲ့မိတယ်။ ကျွန်မဘေးမှာ မောင်အမြဲရှိနေဖို့၊ ကျွန်မကို ပိုဂရုစိုက်လာအောင် ဒီပြဿနာကို ကျွန်မရှာခဲ့မိတယ်။

ကျွန်မမှာ အပြစ်ရှိမှန်း ကျွန်မသိပါတယ်။ ကျွန်မ မှားသွားခဲ့တယ်။ ကျွန်မကြောင့် မဖြစ်သင့်တာတွေ
ဖြစ်ခဲ့ရတယ်။ ချစ်သူများနေ့ ရောက်ခါနီးမှ ပြဿနာကို မီးထွန်းရှာခဲ့မိတဲ့ ကျွန်မကိုယ်ကျွန်မ အပြစ်တင်လို့ မဆုံးခဲ့ဘူး။

မောင်ကလဲ ကျွန်မကို လာမရှာခဲ့ဘူး။ မက်ဆေ့တစ်ခု၊ ဖုန်းတစ်ချက်တောင် မဆက်သွယ်ခဲ့ဘူး။
ကျွန်မရင်နင့်အောင် ခံစားနေရတယ်။ မောင်ထားသွားမှာကိုလဲ ကြောက်မိတယ်။ ဒါပေမဲ့ မခံချင်တဲ့မာနနဲ့ မောင်ဘက်က မခေါ်မချင်း ပြန်မခေါ်ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်မိတယ်။

ချစ်သူများနေ့ကို ကျွန်မတစ်ယောက်တည်း ဖြတ်ကျော်ရမယ်လို့ ထင်ထားခဲ့မိပေမဲ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာပဲ မောင့်ဆီက ဖုန်းဝင်လာတယ်။

"ဟန်နီ.. အပြင်ခဏထွက်ခဲ့လို့ ရမလား"
ဝမ်းသာ တုန်လှုပ်နေတဲ့ အသံနဲ့ မောင်က တိုးညှင်းစွာ ဆိုတယ်။

"မရဘူး"

"ဒါဆို မောင်လာခဲ့မယ်"

"အင်း.. လာမယ်ဆို ၁၀မိနစ်အတွင်း ရောက်အောင်လာခဲ့ပါ။ မရောက်ရင်တော့ အဆိုးမဆိုနဲ့"

"၁၀မိနစ်... အင်း.. ကောင်းပြီလေ။ ၁၀မိနစ်အတွင်း မောင်ရောက်အောင် လာခဲ့မယ်"

ဖုန်းချပြီး အိမ်အောက်ထပ်ကို ကျွန်မ အပြေးဆင်းခဲ့မိတယ်။ မောင့်ကို လွမ်းတဲ့စိတ်၊ တွေ့ချင်မြင်ချင်တဲ့ စိတ်ကို ကျွန်မ တားမရခဲ့ဘူးလေ။

၁၀ မိနစ်လွန်သွားတယ် မောင်ရောက်မလာခဲ့ဘူး။ မိနစ် ၂၀... ၃၀.. ၄၀... တစ်နာရီသာ လွန်သွားတယ်။ မောင်ရောက်မလာခဲ့ဘူး။ ဂတိမတည်တဲ့ မောင်ကြောင့် ကျွန်မရင်တွေ တစ်ဆစ်ဆစ် နာကျင်လာမိတယ်။

လေးသွဲ့တဲ့ ခြေလှမ်းနဲ့ အိမ်ထဲကို ကျွန်မဝင်လိုက်တယ်။ အက်ရှရှ ဖုန်းသံက ကျွန်မကို ဆီးကြိုလို့နေတယ်။ ဒီဖုန်းက ကျွန်မဘဝထဲကနေ မောင့်ကို အပြီးအပိုင် ဆွဲထုတ်လိုက်မယ်မှန်း ကျွန်မ မထင်ခဲ့မိဘူး။

"ကိုနေဒွေးဇော်ရဲ့ မိတ်ဆွေ မဟန်နီချိုလားရှင်။ ကိုနေဒွေးဇော် xxx
ဆေးရုံကအရေးပေါ်ခန်းမှာ ရောက်နေပါတယ်"

အရေးပေါ်ခန်း? မောင်ဘယ်လိုလုပ်ပြီး အရေးပေါ်ခန်း ရောက်နေပါလိမ့်? ကျွန်မ ဆေးရုံကို အပြေးလေး သွားခဲ့တယ်။ ကျွန်မရောက်အလာကို ဆီးကြိုနေတဲ့ အခန်းပြင်က ဆရာဝန်က ကျွန်မကို ခေါင်းခါပြပြီး နောက်ဆုံးအကြိမ်အဖြင့် ကျွန်မကို ဝင်တွေ့ခိုင်းတယ်။

ဖျော့တော့နေတဲ့ မျက်နှာနဲ့ ကုတင်ပေါ်မှာ လှဲလျှောင်းနေတဲ့ မောင့်ကို ကြည့်ပြီး ကျွန်မ ပျော့ခွေသွားမတတ် ချောက်ချားမိတယ်။ သွေးရောင်မဲ့ နှုတ်ခမ်း၊ တုန်ရီတဲ့ အသံနဲ့ မောင် တိုးတိုးလေး ရေရွတ်တယ်။

"ဆောရီး ဟန်နီ.. မောင်နောက်ကျသွားတယ်"

အလာနောက်ကျလို့ ကျွန်မစိတ်ဆိုးမှာစိုးခဲ့တဲ့ မောင်က နောက်ဆုံး ထွက်သက်အထိ ကျွန်မကို
ရှင်းပြနိုင်ဖို့ ကြိုးစားခဲ့တယ်။

"မပြောပါနဲ့တော့မောင်.. ဟန်နီ မကောင်းတာ"

ကျွန်မ အော်ငိုပြီး အေးစက်နေတဲ့ မောင့်လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။

"မငိုနဲ့ ဟန်နီ.." ကျွန်မပါးပြင်ပေါ်က စီးကျလာတဲ့ မျက်ရည်ကို မောင်သုတ်ဖို့ ကြိုးစားနေတယ်။

"မောင်တို့ ဘယ်တော့မှ လမ်းမခွဲဘူးနော် ဟန်နီ.. ဟန်နီ့ကို မောင်အရမ်းချစ်တယ်။ ဟန်နီ့အပါးမှာပဲ မောင် အမြဲရှိနေချင်ခဲ့တယ်"

"ဟန်နီတို့ ဘယ်တော့မှ မခွဲဘူးမောင်.. ဟန်နီလည်း မောင့်ကို အရမ်းချစ်တယ် မောင်"

ပါးပြင်ပေါ်ကို မျက်ရည်တွေက တလဟော သွန်ချနေတယ်။ ကျွန်မကို မောင်ခွဲသွားမှာ ကြောက်လိုက်တာ... မောင့်လက်ကို တင်းနိုင်သမျှ တင်းအောင် ကျွန်မဆုပ်ကိုင်ထားမိတယ်။

"ဟန်နီ ကြိုက်တဲ့ ချောကလက်တွေ မောင်ဝယ်ခဲ့တယ်။ ချစ်သူ..များ..နေ့မှာ ပျော်.. ရွှင်..ပါစေ ဟန်..နီ"

"မောင် ဟန်နီ့ကို ခွဲမသွားပါနဲ့ မောင်... ဟန်နီ့ကို ခွဲမသွားပါနဲ့"

တင်းတင်းဆုပ်ကိုင်ထားတဲ့ မောင့်လက်တွေ တဖြေးဖြေး ပြေလျှော့လာခဲ့တယ်။

"မောင်....." ကျွန်မ အသဲကွဲမတတ် အော်လိုက်မိတယ်။


နောက်မှ ကျွန်မသိရတာက ကျွန်မစစားဖူးပြီး အရမ်းကြိုက်ခဲ့တဲ့ ချောကလက်ကို ဝယ်ဖို့မောင် တစ်ခြားမြို့ ရောက်သွားခဲ့တယ် ဆိုတာပါပဲ။ မောင့်အပေါ် ကျွန်မ စိတ်ဆိုး၊ စိတ်ကောက်နေတာကို ချောကလက်နဲ့ ချော့ဖို့ မောင်မမေ့ခဲ့ဘူး။ ၁၀မိနစ်အတွင်း ရောက်ရမယ်ဆိုတဲ့ ကျွန်မရဲ့ မဆင်မခြင် တောင်းဆိုမှုကြောင့် မောင် ကားအက်ဆီဒင့် ဖြစ်ခဲ့ရတယ်။

မောင်ပေးတဲ့ ကျွန်မကြိုက်တဲ့ ချောကလက်တွေကို ချစ်သူများနေ့မှာ ကျွန်မ ရခဲ့ပါတယ်...မောင်...

ချိုမြိန်တဲ့ ချောကလက်တွေ၊ ကျွန်မ အရမ်းနှစ်သက်ခဲ့ဖူးတဲ့ ချောကလက်တွေ
အခုတော့ ခါးသက်ခဲ့ပြီ မောင်...

ရေးတဲ့သူ ခရတ်တစ် ယူပါ

ခ်စ္ျခင္းပံုျပင္(၅) စက္ထဲမွာေတြ့လို့ပါ

ခ်စ္ျခင္းပံုျပင္(၅)
ကြ်န္မက ေခ်ာကလက္ ၾကိဳက္သူ ျဖစ္တယ္။ ေခ်ာကလက္ အျဖဴ၊ ေခ်ာကလက္ အမည္း၊ အေမႊးအၾကိဳင္ေတြ ေရာထားတဲ့ ေခ်ာကလက္၊ အစာသြပ္ ေခ်ာကလက္... အိုး ဘာေခ်ာကလက္ျဖစ္ျဖစ္ "ဟင့္အင္း" လို႔ ကြ်န္မျငင္းဆန္ဖူးတဲ့ ေခ်ာကလက္ မရွိဘူး။

ကြ်န္မမွာ ၁၀ႏွစ္ေက်ာ္ ရင္းႏွီးခဲ့တဲ့ ငယ္သူငယ္ခ်င္း ခ်စ္သူတစ္ေယာက္ရွိတယ္။ ေခ်ာကလက္ကို
ကြ်န္မ ဘယ္ေလာက္ထိ ႐ႈးသြပ္ခံုမင္မွန္း ေမာင္သိတယ္။ "ေခ်ာကလက္ကို ဒီေလာက္ၾကိဳက္ရသလား... သတိလဲ ထားဦးေနာ္ ၀က္ကေလးလို ၀လာမယ္"

ကြ်န္မေခါင္းကို အျမဲပြတ္သပ္ျပီး ေမာင္ေနာက္တိုင္း ကြ်န္မက ႏႈတ္ခမ္းကို စူပုပ္ျပီး ေမာင့္ကို စိတ္ေကာက္တယ္။

"ေမာင္က ကြ်န္မကို အျမဲအႏိုင္က်င့္တယ္။ မေခၚေတာ့ဘူးကြာ"

"၀က္ကေလးလို ၀ေနလဲ ခ်စ္မွာပါ။ စိတ္မဆိုးနဲ႔ေနာ္"

ေမာင္က အဲဒီလိုပဲ။ ၁၀ႏွစ္ေက်ာ္ အေၾကာင္းမရွိ အေၾကာင္းရွာျပီး ေမာင့္အေပၚႏဲြ႕ဆိုးဆိုးလာခဲ့တဲ့ ကြ်န္မရဲ႕ဒဏ္ကိုသည္းခံျပီး ခ်စ္ခဲ့တယ္။ တစ္ခါတေလ ေဒါသၾကီး ေပါက္ကဲြရင္လဲ ကြ်န္မဆံပင္ကို ပြတ္သပ္ျပီး ေခ်ာ့ျမဴတတ္ေသးတယ္။ ေမာင္နဲ႔အတူ ေလွ်ာက္ခဲ့တဲ့ လမ္းေတြက ရွည္လွ်ားလာခဲ့ေပမဲ့ ကြ်န္မရဲ႕ ႏဲြ႔ဆိုးဆိုးတတ္တဲ့ အက်င့္က ေျပာင္းလဲမသြားခဲ့ဘူး။

တကယ္ေတာ့ ေမာင္က ပ်ဳိတိုင္းၾကိဳက္တဲ့ ႏွင္းဆီခိုင္ပါ။ ေမာင္ရဲ႕သိမ္ေမြ႔တဲ့အက်င့္၊ ယဥ္ေက်းတဲ့ အျပဳအမႈ၊ ေခ်ာေမာတဲ့ ႐ုပ္လဏၡာေၾကာင့္ ေမာင့္ကို ေရလာေျမာင္းေပး လုပ္တဲ့ မိန္းကေလးေတြ မနည္းခဲ့ဘူး။ ဒီအေၾကာင္းကို အခြင့္ယူျပီး ေမာင့္ကို ကြ်န္မ သ၀န္တိုခဲ့တဲ့ အၾကိမ္လည္း မနည္းလွဘူး။ ဒါေပမဲ့ ေမာင္လမ္းေၾကာင္း မေျပာင္းခဲ့ဘူး။ ကြ်န္မရဲ႕ ကေလးဆန္တဲ့ အက်င့္ေတြကို သည္းခံျပီး ကြ်န္မအနားမွာပဲ ရွိေနခဲ့တယ္။

ေမာင့္ကို ကြ်န္မအရမ္းခ်စ္တယ္။ ဒါေပမဲ့ တန္ဖိုးထားရေကာင္းမွန္း ကြ်န္မ နားမလည္ခဲ့ဘူး။
"ေမာင္... ကြ်န္မ ေကာင္းလား မေကာင္းဘူးလား" ဘာမွမဟုတ္တဲ့ ေမးခြန္းေတြနဲ႔ေမာင့္ကို အျပစ္ရွာဖို႔ ကြ်န္မစေတာ့တယ္။

"ဟန္နီ ေကာင္းလား မေကာင္းဘူးလား ဆိုတာကို ေမာင့္မ်က္စိထဲမွာ မျမင္ဘူး။
ေမာင္သိတာက ဟန္နီဟာ ေမာင္ရဲ႕ ဒီတစ္သက္ အခ်စ္ဆံုး မိန္းကေလးပဲ"

တည္ျငိမ္တဲ့ အသြင္နဲ႔ ေမာင္က ကြ်န္မကို စူးစိုက္ၾကည့္ျပီး ျပန္ေျဖတယ္။

"ေမာင္ ေနာက္ေနျပန္ျပီ.. ဟန္နီေမးတာ ဒီေမးခြန္းမွ မဟုတ္တာ"

ေခါင္းငုံ႔ျပီး ရွက္ကိုးရွက္ကန္းျဖစ္သြားတဲ့ ကြ်န္မကို ေမာင္က သူ႔ရင္ခြင္ထဲ ဆဲြသြင္းလိုက္တယ္။ ပူေႏြးေနတဲ့ သူ႔ႏႈတ္ခမ္းနဲ႔ ေအးစက္ေနတဲ့ ကြ်န္မႏႈတ္ခမ္းကို ဖိကပ္ထားလိုက္တယ္။

ေႏြးေထြးသာယာတဲ့ ျမင္ကြင္းက တိုေတာင္းလွတယ္။ မၾကာမီ ရက္အနည္းငယ္မွာပဲ ေမာင့္ကို
အျပစ္ရွာဖို႔ ကြ်န္မရဲ႕ေမးခြန္းေဟာင္းေတြက ထြက္လာျပန္တယ္။

"ေမာင္ .. ရွင္းရွင္းေျပာေနာ္။ အဲဒီေကာင္မေလးက ဘယ္သူလဲ"
မယ္ကု၀ဏ္ ျဂိဳလ္၀င္တဲ့ မ်က္ႏွာထားနဲ႔ ေမာင့္ကို ကြ်န္မေမးလိုက္တယ္။

"ေမာင္တို႔ ကုမၸဏီက ၀န္ထမ္းပါ" ကြ်န္မ အျမင္ရွင္းေအာင္ ေမာင္ အေသအခ်ာ ရွင္းျပေနတယ္။

"မယံုဘူး..."

"ဟန္နီ... အေၾကာင္းမရွိ အေၾကာင္းမရွာနဲ႔ကြာ"

"အေၾကာင္းမရွိ အေၾကာင္းရွာေနတာ မဟုတ္ဘူး ေမာင္။ ဘယ္သူအရင္ စမွားတာလဲ မေတာင္းပန္တဲ့အျပင္
ေမာင္က ဟန္နီ႔ကို ေအာ္တယ္"

ႏႈတ္ခမ္းကို ကိုက္ျပီး အရည္လဲ့ေနတဲ့ မ်က္လံုးနဲ႔ ေမာင့္ကို ျပန္ၾကည့္ျပီး ကြ်န္မ ေအာ္လိုက္တယ္။

"ေဆာရီးပါ ဟန္နီရာ.. ေမာင္အေျပာမတတ္တာ။ မငိုပါနဲ႔ကြာ ေနာ္"

"ကြ်န္မကို ဂ႐ုမစိုက္ပါနဲ႔။ သူ႔ကိုပဲ သြားရွာေတာ့" အေခ်ာ့ျမဴခံရမွ ကြ်န္မရဲ႕ အက်င့္ဆိုးက ေထာင္းခနဲ႔ ျပန္ထြက္လာတယ္။

"ဟန္နီ...."

"မေခၚနဲ႔.." တစ္ဖက္ကို ကြ်န္မလွည့္လုိက္တယ္။

"ဟန္နီ.. ေမာင္ ေတာင္းပန္ပါတယ္ကြာ"

ၾကိဳးစားျပီး ေခ်ာ့ေနတဲ့ ေမာင့္စကားကို ကြ်န္မ အေရးမစိုက္ဘဲ ကိုယ္တိုင္ၾကားရင္ေတာင္ နားခါးႏိုင္တဲ့ စကားလံုးအခ်ဳိ႔နဲ႔ ေမာင့္ကို ကြ်န္မ ရန္ရွာေနမိတယ္။

"ေတာ္ျပီကြာ... အက်ဳိးအေၾကာင္းကို ဟန္နီ နားလည္ဖို႔ေကာင္းတယ္။ ကဲ ေမာင္သြားမယ္"

ခ်စ္သက္တမ္း ၁၀ႏွစ္ေက်ာ္ ကာလမွာ ေမာင္ပထမအၾကိမ္ ကြ်န္မကို စိတ္ဆိုးျခင္းပဲ။ခ်ာကနဲ႔ လွည့္ထြက္သြားတဲ့ ေမာင့္ကို ကြ်န္မတားဖို႔ ၾကိဳးစားခ်င္ေပမဲ့ ကြ်န္မရဲ႕ ႏႈတ္ခမ္းက ရက္စက္တဲ့ စကားလံုးအခ်ဳိ႕ ခုန္ထြက္လာခဲ့တယ္။

"ေမာင္နဲ႔ ကြ်န္မ လမ္းခဲြမယ္"

ကြ်န္မတို႔ ရန္ျဖစ္ျပီ။ ၁၀ႏွစ္ေက်ာ္အတြင္း ပထမဆံုး ကြ်န္မတို႔ ရန္ျဖစ္ျပီ။ အေၾကာင္းမရွိ
အေၾကာင္းရွာျပီး ေမာင့္ကို ကြ်န္မရန္ရွာေနမွန္း ကြ်န္မကိုယ္ ကြ်န္မသိတယ္။ ၀န္ထမ္းေကာင္မေလးနဲ႔
ေမာင္ ဘာမွ မပတ္သက္ဘူးဆိုတာလဲ သိတယ္။ ခုတစ္ေလာ ေမာင္အလုပ္ေတြ ႐ႈပ္ေနလို႔ ကြ်န္မအတြက္ အခ်ိန္မေပးႏိုင္တာကို အေၾကာင္းျပျပီး ေမာင့္ကို ကြ်န္မရန္ရွာခဲ့မိတယ္။ ကြ်န္မေဘးမွာ ေမာင္အျမဲရွိေနဖို႔၊ ကြ်န္မကို ပိုဂ႐ုစိုက္လာေအာင္ ဒီျပႆနာကို ကြ်န္မရွာခဲ့မိတယ္။

ကြ်န္မမွာ အျပစ္ရွိမွန္း ကြ်န္မသိပါတယ္။ ကြ်န္မ မွားသြားခဲ့တယ္။ ကြ်န္မေၾကာင့္ မျဖစ္သင့္တာေတြ
ျဖစ္ခဲ့ရတယ္။ ခ်စ္သူမ်ားေန႔ ေရာက္ခါနီးမွ ျပႆနာကို မီးထြန္းရွာခဲ့မိတဲ့ ကြ်န္မကိုယ္ကြ်န္မ အျပစ္တင္လို႔ မဆံုးခဲ့ဘူး။

ေမာင္ကလဲ ကြ်န္မကို လာမရွာခဲ့ဘူး။ မက္ေဆ့တစ္ခု၊ ဖုန္းတစ္ခ်က္ေတာင္ မဆက္သြယ္ခဲ့ဘူး။
ကြ်န္မရင္နင့္ေအာင္ ခံစားေနရတယ္။ ေမာင္ထားသြားမွာကိုလဲ ေၾကာက္မိတယ္။ ဒါေပမဲ့ မခံခ်င္တဲ့မာနနဲ႔ ေမာင္ဘက္က မေခၚမခ်င္း ျပန္မေခၚဘူးလို႔ ကြ်န္မ ဆံုးျဖတ္လိုက္မိတယ္။

ခ်စ္သူမ်ားေန႔ကို ကြ်န္မတစ္ေယာက္တည္း ျဖတ္ေက်ာ္ရမယ္လို႔ ထင္ထားခဲ့မိေပမဲ့ ေဖေဖာ္၀ါရီ (၁၄)ရက္ေန႔မွာပဲ ေမာင့္ဆီက ဖုန္း၀င္လာတယ္။

"ဟန္နီ.. အျပင္ခဏထြက္ခဲ့လို႔ ရမလား"
၀မ္းသာ တုန္လႈပ္ေနတဲ့ အသံနဲ႔ ေမာင္က တိုးညႇင္းစြာ ဆိုတယ္။

"မရဘူး"

"ဒါဆို ေမာင္လာခဲ့မယ္"

"အင္း.. လာမယ္ဆို ၁၀မိနစ္အတြင္း ေရာက္ေအာင္လာခဲ့ပါ။ မေရာက္ရင္ေတာ့ အဆိုးမဆိုနဲ႔"

"၁၀မိနစ္... အင္း.. ေကာင္းျပီေလ။ ၁၀မိနစ္အတြင္း ေမာင္ေရာက္ေအာင္ လာခဲ့မယ္"

ဖုန္းခ်ျပီး အိမ္ေအာက္ထပ္ကို ကြ်န္မ အေျပးဆင္းခဲ့မိတယ္။ ေမာင့္ကို လြမ္းတဲ့စိတ္၊ ေတြ႔ခ်င္ျမင္ခ်င္တဲ့ စိတ္ကို ကြ်န္မ တားမရခဲ့ဘူးေလ။

၁၀ မိနစ္လြန္သြားတယ္ ေမာင္ေရာက္မလာခဲ့ဘူး။ မိနစ္ ၂၀... ၃၀.. ၄၀... တစ္နာရီသာ လြန္သြားတယ္။ ေမာင္ေရာက္မလာခဲ့ဘူး။ ဂတိမတည္တဲ့ ေမာင္ေၾကာင့္ ကြ်န္မရင္ေတြ တစ္ဆစ္ဆစ္ နာက်င္လာမိတယ္။

ေလးသဲြ႔တဲ့ ေျခလွမ္းနဲ႔ အိမ္ထဲကို ကြ်န္မ၀င္လိုက္တယ္။ အက္ရွရွ ဖုန္းသံက ကြ်န္မကို ဆီးၾကိဳလို႔ေနတယ္။ ဒီဖုန္းက ကြ်န္မဘ၀ထဲကေန ေမာင့္ကို အျပီးအပိုင္ ဆဲြထုတ္လိုက္မယ္မွန္း ကြ်န္မ မထင္ခဲ့မိဘူး။

"ကိုေနေဒြးေဇာ္ရဲ႕ မိတ္ေဆြ မဟန္နီခ်ဳိလားရွင္။ ကိုေနေဒြးေဇာ္ xxx
ေဆး႐ံုကအေရးေပၚခန္းမွာ ေရာက္ေနပါတယ္"

အေရးေပၚခန္း? ေမာင္ဘယ္လိုလုပ္ျပီး အေရးေပၚခန္း ေရာက္ေနပါလိမ့္? ကြ်န္မ ေဆး႐ံုကို အေျပးေလး သြားခဲ့တယ္။ ကြ်န္မေရာက္အလာကို ဆီးၾကိဳေနတဲ့ အခန္းျပင္က ဆရာ၀န္က ကြ်န္မကို ေခါင္းခါျပျပီး ေနာက္ဆံုးအၾကိမ္အျဖင့္ ကြ်န္မကို ၀င္ေတြ႔ခိုင္းတယ္။

ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာနဲ႔ ကုတင္ေပၚမွာ လွဲေလွ်ာင္းေနတဲ့ ေမာင့္ကို ၾကည့္ျပီး ကြ်န္မ ေပ်ာ့ေခြသြားမတတ္ ေခ်ာက္ခ်ားမိတယ္။ ေသြးေရာင္မဲ့ ႏႈတ္ခမ္း၊ တုန္ရီတဲ့ အသံနဲ႔ ေမာင္ တိုးတိုးေလး ေရရြတ္တယ္။

"ေဆာရီး ဟန္နီ.. ေမာင္ေနာက္က်သြားတယ္"

အလာေနာက္က်လို႔ ကြ်န္မစိတ္ဆိုးမွာစိုးခဲ့တဲ့ ေမာင္က ေနာက္ဆံုး ထြက္သက္္အထိ ကြ်န္မကို
ရွင္းျပႏိုင္ဖို႔ ၾကိဳးစားခဲ့တယ္။

"မေျပာပါနဲ႔ေတာ့ေမာင္.. ဟန္နီ မေကာင္းတာ"

ကြ်န္မ ေအာ္ငိုျပီး ေအးစက္ေနတဲ့ ေမာင့္လက္ကို တင္းတင္းဆုပ္ကိုင္ထားလိုက္တယ္။

"မငိုနဲ႔ ဟန္နီ.." ကြ်န္မပါးျပင္ေပၚက စီးက်လာတဲ့ မ်က္ရည္ကို ေမာင္သုတ္ဖို႔ ၾကိဳးစားေနတယ္။

"ေမာင္တို႔ ဘယ္ေတာ့မွ လမ္းမခဲြဘူးေနာ္ ဟန္နီ.. ဟန္နီ႔ကို ေမာင္အရမ္းခ်စ္တယ္။ ဟန္နီ႔အပါးမွာပဲ ေမာင္ အျမဲရွိေနခ်င္ခဲ့တယ္"

"ဟန္နီတို႔ ဘယ္ေတာ့မွ မခဲြဘူးေမာင္.. ဟန္နီလည္း ေမာင့္ကို အရမ္းခ်စ္တယ္ ေမာင္"

ပါးျပင္ေပၚကို မ်က္ရည္ေတြက တလေဟာ သြန္ခ်ေနတယ္။ ကြ်န္မကို ေမာင္ခဲြသြားမွာ ေၾကာက္လိုက္တာ... ေမာင့္လက္ကို တင္းႏိုင္သမွ် တင္းေအာင္ ကြ်န္မဆုပ္ကိုင္ထားမိတယ္။

"ဟန္နီ ၾကိဳက္တဲ့ ေခ်ာကလက္ေတြ ေမာင္၀ယ္ခဲ့တယ္။ ခ်စ္သူ..မ်ား..ေန႔မွာ ေပ်ာ္.. ရႊင္..ပါေစ ဟန္..နီ"

"ေမာင္ ဟန္နီ႔ကို ခဲြမသြားပါနဲ႔ ေမာင္... ဟန္နီ႔ကို ခဲြမသြားပါနဲ႔"

တင္းတင္းဆုပ္ကိုင္ထားတဲ့ ေမာင့္လက္ေတြ တေျဖးေျဖး ေျပေလွ်ာ့လာခဲ့တယ္။

"ေမာင္....." ကြ်န္မ အသဲကဲြမတတ္ ေအာ္လိုက္မိတယ္။


ေနာက္မွ ကြ်န္မသိရတာက ကြ်န္မစစားဖူးျပီး အရမ္းၾကိဳက္ခဲ့တဲ့ ေခ်ာကလက္ကို ၀ယ္ဖို႔ေမာင္ တစ္ျခားျမိဳ႔ ေရာက္သြားခဲ့တယ္ ဆိုတာပါပဲ။ ေမာင့္အေပၚ ကြ်န္မ စိတ္ဆိုး၊ စိတ္ေကာက္ေနတာကို ေခ်ာကလက္နဲ႔ ေခ်ာ့ဖို႔ ေမာင္မေမ့ခဲ့ဘူး။ ၁၀မိနစ္အတြင္း ေရာက္ရမယ္ဆိုတဲ့ ကြ်န္မရဲ႕ မဆင္မျခင္ ေတာင္းဆိုမႈေၾကာင့္ ေမာင္ ကားအက္ဆီဒင့္ ျဖစ္ခဲ့ရတယ္။

ေမာင္ေပးတဲ့ ကြ်န္မၾကိဳက္တဲ့ ေခ်ာကလက္ေတြကို ခ်စ္သူမ်ားေန႔မွာ ကြ်န္မ ရခဲ့ပါတယ္...ေမာင္...

ခ်ဳိျမိန္တဲ့ ေခ်ာကလက္ေတြ၊ ကြ်န္မ အရမ္းႏွစ္သက္ခဲ့ဖူးတဲ့ ေခ်ာကလက္ေတြ
အခုေတာ့ ခါးသက္ခဲ့ျပီ ေမာင္...

ေရးတဲ့သူ ခရတ္တစ္ ယူပါ
Reactions

Post a Comment

0 Comments